BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
စစ်တပ်ပြောတဲ့ဖက်ဒရယ်နဲ့ ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ်မတူဘူး - ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း
ဘီဘီစီက NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်း ဆာခေါင်းကို ဖက်ဒရယ်အသွ��်ကူးပြောင်းရေး ဆိုင်ရာအစီအမံတွေ AFTA ရဲ့ Zero Draft မူကြမ်းအကြောင်း မေးမြန်းထားပါတယ်။
သြဂုတ် ၁ ရက်သတင်းများအနှစ်ချုပ်- ချင်းမိုင်၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ထိုင်းတွေဆန္ဒပြဖို့စီစဥ်
နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှုနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ် ၃ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့ မှာ ထိုင်းနိုင်ငံသားတွေ စုစည်းပြီး ဆန္ဒထုတ်ဖော်ဖို့ရှိတယ်လို့ Save the Kok River က ဒီမနက်ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရဲ့ ရက် ၁၀၀
တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ ရက် ၁၀၀ ဟာ သူ့ဆရာ ဦးမင်းအောင်လှိုင်ရဲ့ လောင်းရိပ်အောက်ကနေ ကုန်ဆုံးခဲ့ရပါတယ်။
ငွေလိမ်စင်တာတွေကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ်
ငွေလိမ်စင်တာ အများအပြားကို လည်ပတ်ခွင့်ပြုတာကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ် ပိတ်ဆို့တဲ့သတင်းအပါအဝင် ဇူလိုင် ၃၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ပြန်ပေးဆွဲငွေတောင်းမှုတွေ မကြာခဏဖြစ်နေတဲ့ပုပ္ပါးနဲ့ ပျောက်ဆုံးနေတဲ့ခရီးသွား ၁၁ ဦး
ပုပ္ပါးနယ်ဘက်မှာ ပြန်ပေးဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အဲဒီဒေသနဲ့အတူ ယူနက်စကိုအသိအမှတ်ပြု ရှေးဟောင်းသမိုင်းဝင်ဒေသ ပုဂံကိုပါ အလည်သွားမယ့်သူတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။
AI ကြောင့်ဖြစ်တဲ့အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့အမျိုးသမီးတွေ
AI နဲ့ အလိုအလျောက်စနစ်တွေကြောင့် အလုပ်လက်လွတ်ခဲ့တဲ့ ရုံးဝန်ထမ်းဟောင်း အမျိုးသမီးတွေကို အဓိကထားတဲ့ အမျိုးသမီးသီးသန့် အိမ်ပြုပြင်၊ အိမ်မွမ်းမံရေးအဖွဲ့တွေဟာ တရုတ်မြို့ပြဒေသအနှံ့ ပေါ်ပေါက်လာနေပါတယ်။
လေးနှစ်အကြာပြန်လာတဲ့ Spider-Man နဲ့ ဇန်ဒေးယာ၊ တွမ် ဟော်လန်တို့စုံတွဲ
ဇန်ဒေးယာနဲ့ တွမ် ဟော်လန် စုံတွဲဟာ သူတို့ရဲ့ နောက်ဆုံးထွက်ရုပ်ရှင် Spider-Man: Brand New Day ရဲ့လန်ဒန်အထူးပြသပွဲမှာ အဖြူရောင်ကော်ဇောပေါ် အတူ လျှောက်လှမ်းခဲ့ကြပါတယ်။
‘‘ဘာမှ မကျန်တော့ဘူး'' - အာသံပြည်နယ်က အဆိုးရွားဆုံးရေကြီးမှု
အာသံပြည်နယ်မှာ နှစ်စဉ်ရေကြီးခဲ့ပေမဲ့ အခုနှစ်က နှစ်ပေါင်း ၆၀အတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။
ကမ္ဘာတလွှားမှာ ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာလား
ကမ္ဘာမှာ ငလျင်တွေ ပိုလှုပ်လာလား၊ ငလျင်တွေ အလှုပ်စိပ်လာတာက ဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ၊ ... စတာတွေ သိနိုင်ဖို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန(USGS)က တစ်ကမ္ဘာလုံးဆိုင်ရာမြေငလျင်တွေစောင့်ကြည့်ရေးလုပ်ငန်းကို ကြီးကြပ်သူ ငလျင်ဗေဒပညာရှင် ပေါလ် စတန်တန် အာလ်ကို အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန် - ဆော်ဒီ နျူစာချုပ်မှာပါတဲ့သန့်စင်ယူရေနီယံဆိုတာဘာလဲ
ဆော်ဒီအာရေးဗျဟာ အမေရိကန်နဲ့ ချုပ်ဆိုလိုက်တဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက်ကြောင့် သူ့နိုင်ငံထဲမှာ ယူရေနီယံကို သန့်စင်ဖို့ အမေရိကန်က ခွင့်ပြုတယ်ဆိုတဲ့ ရှားရှားပါးပါး ခွင့်ပြုချက်ကို ရရှိလိုက်တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
‘‘ဒါက အစပဲရှိသေးတယ်’’ - အိန္ဒိယ GenZ တွေဆန္ဒပြလို့ ဝန်ကြီးနုတ်ထွက်ခဲ့ရပြီး ဘာဆက်ဖြစ်မလဲ
မိုဒီအစိုးရအတွက် ရှားရှားပါးပါး နောက်ဆုတ်မှုတစ်ခုဖြစ်တဲ့ ပညာရေးဝန်ကြီး နုတ်ထွက်မှုက ဆန္ဒပြနေတဲ့ လူငယ်အများအပြားအတွက် သူတို့ရဲ့အသံကို အစိုးရက နားထောင်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးခဲ့ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ချောက် PDF ၂၀ ကျော် သေဆုံးမှု ဘယ်လိုဖြစ်ခဲ့တာလဲ
ချောက်မြို့နယ်တောင်ပိုင်းမှာ ရဲကွန်မန်ဒိုစစ်ကြောင်းနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် ကျဆုံးခဲ့ပြီး စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ပြန်လည်သယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သမ္မတအာဏာစက်ကို ပိုကျယ်ပြန့်စေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်
ပြင်ဆင်ချက်အများစုဟာ အရင် လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တဲ့ အချက်တွေနဲ့ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။
ဒေါက်တာဖေဉာဏ် - ဗိုလ်ချုပ်ကြီးတွေရဲ့အခါတော်ပေး အသတ်ခံရခြင်း
စစ်ခေါင်းဆောင်တွေကို အခါတော်ပေးခဲ့ရုံသာမကဘဲ မြန်မာလူထုရဲ့ ထုံးတမ်းစဥ်လာနဲ့ နေ့စဥ်ဘဝတွေကို ပုံဖော်နေတဲ့ မြန်မာပြက္ခဒိန်တွေရဲ့နောက်ကွယ်မှာ သြဇာကြီးမားသူအဖြစ် ဒေါက်တာဖေဉာဏ်က ဆယ်စုနှစ်တစ်ခုကျော် ရှိနေခဲ့ပါတယ်။
မြန်မာ့''စိန်တစ်လုံး" သရက်ဈေးကွက်ကို တရုတ်ဘယ်လိုဝင်ယူလာသလဲ
တရုတ်စားသုံးသူတွေကြား "သရက်ဘုရင်" လို့ လူသိများခဲ့တဲ့ မြန်မာ့စိန်တလုံးသရက်ဟာ နှစ် ၂၀ သက်တမ်းနီးပါးကိုအရောက်မှာ စျေးကွက်ဝေစုခွဲဝေပေးရတဲ့ဖိအားအပြင် စိန်ခေါ် ချက်အချို့နဲ့ကြုံနေရပါတယ်။
ရခိုင့်တော်လှန်ရေးထဲက အေအေနဲ့ အကျိုးစီးပွားယှက်နွှယ်မှုတွေ
တော်လှန်ရေးအဖွဲ့ကနေ အုပ်ချုပ်သူတွေ ဖြစ်လာတဲ့အခါ အုပ်ချုပ်ခံလူထုနဲ့ အေအေတို့ကြားမှာ ပွတ်တိုက်မှုတွေရှိလာနေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































