ORCID
| အမည် | Open Researcher and Contributor ID |
|---|---|
| နံပါတ် အရေတွက် | 14,727,479 |
| မိတ်ဆက် | ၁၆ အောက်တိုဘာ ၂၀၁၂ |
| ဒစ်ဂျစ် အရေတွက် | 16 |
| ဒစ်ဂျစ် စစ်ဆေး | MOD 11-2 |
| နမူနာ | https://orcid.org/0000-0002-1825-0097 ("Josiah S. Carberry") |
| ဝဘ်ဆိုဒ် | orcid.org |
ORCID (/ˈɔːrkɪd/ (
)၊ Open Researcher and Contributor ID) ဆိုသည်မှာ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စာတမ်းပြုစုသူများကို တိတိကျကျ ခွဲခြားသတ်မှတ်ပေးနိုင်ရန်အတွက် စာလုံးနှင့် ဂဏန်းများ ပေါင်းစပ်ပြီး ဖန်တီးထားသော၊ မည်သူမဆို အခမဲ့အသုံးပြုနိုင်သည့် အမြဲတမ်းအမှတ်အသား ကုဒ်နံပါတ်တစ်ခု ဖြစ်သည်။[၁]
သုတေသီအများစု၏ အမည်နာမများသည် ဆင်တူယိုးမှား ဖြစ်နေခြင်း၊ အိမ်ထောင်ပြုခြင်းကြောင့် အမည်ပြောင်းလဲသွားခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပေါ် မူတည်၍ နာမည်ရှေ့နောက် စီစဉ်ပုံ မတူညီခြင်း၊ အမည်ရှေ့စာလုံးများကို အတိုကောက် အမျိုးမျိုး သုံးစွဲခြင်းနှင့် စာရေးသားသည့်စနစ် ကွဲပြားခြင်း စသည့် အကြောင်းရင်းများကြောင့် သိပ္ပံနှင့် လူမှုပညာရပ်ဆိုင်ရာ သုတေသနနယ်ပယ်တွင် မည်သူက မည်သည့်စာတမ်းကို အမှန်တကယ် ရေးသားခဲ့သည်ဆိုသည်ကို တိတိကျကျ ခွဲခြားဖော်ထုတ်ရန် အလွန်ခက်ခဲလေ့ရှိသည်။ ORCID သည် ဤပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးသည်။ ဒစ်ဂျစ်တယ်ကွန်ရက်ပေါ်ရှိ စာတမ်းများနှင့် အကြောင်းအရာများကို ခွဲခြားရန် DOI (Digital Object Identifier) ကုဒ်များကို အသုံးပြုသကဲ့သို့ပင်၊ ORCID သည်လည်း လူပုဂ္ဂိုလ်များအတွက် အခွန်ထမ်းမှတ်ပုံတင်နံပါတ်ကဲ့သို့ တစ်သက်တာလုံး ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်းအသုံးပြုနိုင်သည့် ကိုယ်ပိုင်သီးသန့် အမှတ်အသားတစ်ခုကို ဖန်တီးပေးသည်။[၂]
ထို့အပြင် ORCID စနစ်တွင် သုတေသီများ၏ အချက်အလက်မ���ားနှင့် ၎င်းတို့ ပြုစုထုတ်ဝေခဲ့သော စာတမ်းမှတ်တမ်းများ (အပါအဝင် အခြားသော ကိုယ်ရေးအချက်အလက်များ) ကို ရှာဖွေစိစစ်နိုင်သည့် ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများလည်း ပြည့်ပြည့်စုံစုံ ပါဝင်သည်။
ORCID ကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ
[ပြင်ဆင်ရန်]ORCID သည် သုတေသီတစ်ဦးချင်းစီအတွက် တစ်သက်တာလုံး ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်းအသုံးပြုနိုင်မည့် ကိုယ်ပိုင်သီးသန့် ကုဒ်နံပါတ်တစ်ခု ထောက်ပံ့ပေးရန် ရည်ရွယ်သည်။[၃] ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် လူအများစု၏ အမည်နာမများသည် တူညီနေတတ်သဖြင့် အဖွဲ့အစည်းတစ်ခုတည်း သို့မဟုတ် ဌာနတစ်ခုတည်းတွင်ပင် နာမည်တူသူ အပြိုင်အဆိုင် ရှိနေနိုင်ပြီး၊ ၎င်းတို့အနက် မည်သူက မည်သည့်စာတမ်းကို အမှန်တကယ် ပြုစုခဲ့သည်ဆိုသည်ကို တိတိကျကျ ခွဲခြားဖော်ထုတ်ရန် ခက်ခဲလေ့ရှိသည်။ ORCID သည် ဤပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးသည်။ ထို့အပြင် အိမ်ထောင်ပြုခြင်းကြောင့် အမည်ပြောင်းလဲသွားခြင်း၊ ယဉ်ကျေးမှုအလိုက် နာမည်ရှေ့နောက် စီစဉ်ပုံ မတူညီခြင်း၊ ဂျာနယ်အမျိုးမျိုးတွင် နာမည်အတိုကောက်များ၊ အမည်နောက်ဆက်တွဲများနှင့် အလယ်နာမည်များကို ပုံသေမရှိဘဲ အမျိုးမျိုး သုံးစွဲခြင်း၊ စာရေးသားသည့်စနစ်နှင့် အသံထွက်ဖလှယ်ပုံချင်း ကွဲပြားခြင်း စသည့် အကြောင်းရင်းများကြောင့် သုတေသီများ၏ အောင်မြင်မှုမှတ်တမ်းများ ပျောက်ဆုံးရှုပ်ထွေးမသွားအောင် ဤစနစ်က ကာကွယ်ပေးသည်။
ORCID အဖွဲ့အစည်း (ORCID Inc.) သည် အကောင့်ဖွင့်လှစ်ထားသော အဖွဲ့ဝင်များအတွက် အွန်လိုင်းပေါ်တွင် ကိုယ်ပိုင်အချက်အလက်များကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်နိုင်မည့် ဒစ်ဂျစ်တယ်ကိုယ်ရေးရာဇဝင် (Digital Curriculum Vitae) ဝန်ဆောင်မှုကို ပံ့ပိုးပေးထားသည်။ ဤဝန်ဆောင်မှုသည် သုတေသီတစ်ဦး၏ စာတမ်းထုတ်ဝေမှုစာရင်းများကိုသာမက၊ ၎င်းတို့၏ သိပ္ပံနှင့် ပညာရပ်ဆိုင်ရာ ကဏ္ဍစုံတွင် အမှန်တကယ် စွမ်းဆောင်ပံ့ပိုးခဲ့သမျှသော အောင်မြင်မှုပုံရိပ်များကိုပါ ပိုမိုကျယ်ပြန့် ပြည့်စုံစွာ ပေါ်လွင်စေသည်။ သုတေသီများသည် မိမိတို့၏ အချက်အလက်များကို ORCID ဝက်ဘ်ဆိုက်ပေါ်တွင် စိတ်ကြိုက်တည်းဖြတ်နိုင်ပြီး လုံခြုံစွာ မှတ်တမ်းတင် သိမ်းဆည်းထားနိုင်သည်။[၄]
ORCID စနစ် စတင်ဖွံ့ဖြိုးတိုးတက်လာပုံနှင့် လွှင့်တင်ခြင်း
[ပြင်ဆင်ရန်]ပညာရပ်ဆိုင်ရာ သုတေသနနယ်ပယ်တွင် ကြုံတွေ့နေရသည့် "သုတေသီများ၏ အမည်နာမ ရှုပ်ထွေးဆင်တူနေသည့် ပြဿနာကို ဖြေရှင်းရန်" အတွက် စာတမ်းထုတ်ဝေရေးအဖွဲ့အစည်းများ စုပေါင်းကာ ၂၀၁၉ ခုနှစ်တွင် ORCID စနစ်ကို ကနဦး မိတ်ဆက်ခဲ့သည်။[၅] ဤအဖွဲ့အစည်းကို တရားဝင်မတည်ထောင်မီ အချိန်က "Open Researcher Contributor Identification Initiative" ဟု ယာယီအမည်ပေးခဲ့ရာမှ အတိုကောက်အားဖြင့် ORCID ဟူသော အမည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။[၆][၇]
၎င်းတို့သည် Thomson Reuters ကုမ္ပဏီ၏ ResearcherID စနစ်တွင် အသုံးပြုထားသော ဆော့ဖ်ဝဲလ်ကို အခြေခံပြီး ရှေ့ပြေးပုံစံ (Prototype) တစ်ခုကို စတင်ဖန်တီးခဲ့ကြသည်။[၈] ထို့နောက် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲပြည်နယ်၌ နိုင်ငံတကာဒါရိုက်တာအဖွဲ့ဝင်များ ပါဝင်သော သီးခြားလွတ်လပ်သည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်း (ORCID, Inc.) အဖြစ် တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။[၉][၁၀] အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာအဖြစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်တာဝန်ယူခဲ့သူ ခရစ် ရှီလန် (Chris Shillum) [၁၁] သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်ခန့်အပ်ခြင်းခံရသည့် မူလတည်ထောင်သူ အမှုဆောင်ဒါရိုက်တာ လော်ရယ် ဟတ်ခ် (Laurel Haak) ၏ ရာထူးကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။[၁၂] ၂၀၁၆ ခုနှစ်မှစ၍ PLOS အဖွဲ့အစည်းမှ ဗီရိုနစ် ကီယာမာ (Veronique Kiermer) က ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး [၁၃](၎င်းမတိုင်မီကမူ Crossref မှ အက်ဒ် ပန့်ဇ် (Ed Pentz) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်)။ ORCID ကို မည်သူမဆို အခမဲ့ အသုံးပြုနိုင်သည့်အပြင် အခြားသော အမှတ်အသားစနစ် (ID Systems) များနှင့်လည်း ချိတ်ဆက်လုပ်ဆောင်နိုင်သည်။[၄] ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင��� ORCID သည် ၎င်း၏ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများကို တရားဝင် စတင်လွှင့်တင်ခဲ့ပြီး [၁၄][၁၅] သုတေသီများအတွက် သီးသန့်အမှတ်အသားကုဒ် (Identifiers) များကို စတင်ထုတ်ပေးခဲ့သည်။[၁၆]
အသုံးပြုသူ တိုးပွားလာခြင်း
[ပြင်ဆင်ရန်]- ORCID အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကောင့်ဖွင့်လှစ်သူ အရေအတွက် ၁ သန်း ပြည့်မြောက်ခဲ့ကြောင်း ကြေညာခဲ့သည်။[၁၇]
- ထို့နောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အသုံးပြုသူအကောင့်ပေါင်း ၁၀ သန်း ပြည့်မြောက်သွားပြီဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။[၁၈]
- ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ စာရင်းများအရ ORCID တွင် လက်ရှိအသုံးပြုနေသော အကောင့်အရေအတွက် စုစုပေါင်း ၁၄,၇၂၇,၄၇၉ ခုအထိ ရှိလာခဲ့သည်။[၁၉]
ညာရှင်အသိုင်းအဝိုင်းအတွင်း ORCID စနစ်ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာစေရန် တိုက်တွန်းသည့်အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပူးတွဲအိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ "ထိုစာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော စာတမ်းထုတ်ဝေသူများသည် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ သုတေသီများထံမှ ORCID iD ကုဒ်များကို မဖြစ်မနေ တောင်းခံရန်" ကတိကဝတ်ပြုခဲ့ကြသည်။[၂၀][၂၁]
၂၀၂၁ ခုနှစ်တွင် Springer Nature ဝက်ဘ်ဆိုက်၏ နောက်ဆုံးထုတ်ပြန်ချက်အရ "စာတမ်းရှင်များ၏ Peer Review (စာတမ်းစိစစ်ခြင်း) လုပ်ငန်းစဉ်များကို မိမိတို့၏ စာတမ်းတင်သွင်းမှုစနစ်များမှတစ်ဆင့် ORCID သို့ တိုက်ရိုက်ချိတ်ဆက်ပြီး အသိအမှတ်ပြု မှတ်တမ်းတင်ပေးသွားမည်" ဟု အသိပေး ဖော်ပြထားသည်။[၂၂]
ORCID အမှတ်အသားကုဒ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံ
[ပြင်ဆင်ရန်]တရားဝင်သတ်မှတ်ချက်များအရ ORCID ID များကို ဝက်ဘ်ဆိုက်လိပ်စာ (URL) ပုံစံဖြင့် ဖော်ပြလေ့ရှိသည်။ [၂၃] ဥပမာအားဖြင့် ဥပမာပေးရန်နှင့် စနစ်စမ်းသပ်ရန်အတွက် ဖန်တီးထားသော စိတ်ကူးယဉ်ပါမောက္ခ ဂျိုဆိုင်းယား အက်စ် ကာဘာရီ (Josiah S. Carberry) ၏ ORCID ID မှာ https://orcid.org/0000-0002-1825-0097 ဖြစ်သည်။ [၂၄][၂၅] (စနစ်တွင် https:// နှင့် http:// ပုံစံ နှစ်မျိုးလုံးကို အသုံးပြုနိုင်ပြီး၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ https:// ပုံစံကို စံနှုန်းအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်)။ [၂၆] သို့သော်လည်း အချို့သော စာတမ်းထုတ်ဝေသူများသည် ၎င်းကို ပိုမိုတိုတောင်းသော ပုံစံဖြင့် "ORCID: 0000-0002-1825-0097" (URN ပုံစံ) ဟုလည်း သုံးစွဲကြသည်။ [၂၇]
ORCID ID များသည် နိုင်ငံတကာ စံနှုန်းသတ်မှတ်ရေးအဖွဲ့ (ISO) ၏ လမ်းညွှန်မှုအောက်တွင်ရှိသော အပြည်ပြည်ဆိုင်ရာ စံနှုန်းပြည့်မီသည့် အမည်နာမ ခွဲခြားမှုအမှတ်အသား (ISNI - ISO 27729) စနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ [၂၈] သို့ဖြစ်ရာ ဤအဖွဲ့အစည်းနှစ်ခုသည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ISNI စနစ်သည် စာအုပ်များ၊ ရုပ်မြင်သံကြားအစီအစဉ်များနှင့် သတင်းစာများတွင် ပါဝင်ပံ့ပိုးသူများကို တိတိကျကျ ခွဲခြားသတ်မှတ်ပေးပြီး၊ ORCID စနစ်အတွက်လည်း 0000-0001-5000-0007 မှ 0000-0003-5000-0001 အထိ အမှတ်အသားကုဒ် အုပ်စုတစ်ခုကို သီးသန့်ဖယ်န်တီး ပေးထားသည်။[၂၈][၂၉][၃၀] ထို့ကြောင့် သုတေသီတစ်ဦးအနေဖြင့် ISNI ကုဒ်တစ်ခုနှင့် ORCID ID ကု���်တစ်ခု (တစ်နည်းအားဖြင့် ISNI ကုဒ်နှစ်ခု) ကို တစ်ပြိုင်နက်တည်း တရားဝင် ပိုင်ဆိုင်ထားနိုင်သည်။ [၃၁][၃၂]
ORCID နှင့် ISNI စနစ်နှစ်ခုလုံးတွင် ဂဏန်း ၀ မှ ၉ အထိ ပါဝင်သော စာလုံးရေ ၁၆ လုံးပါ အမှတ်အသားကုဒ်များကို အသုံးပြုပြီး၊ ဂဏန်း ၄ လုံးလျှင် တစ်စုစီဖြင့် ကြားခံတုံးတို (Hyphen) များ ခံကာ ခွဲခြားထားသည်။[၂၉][၂၇] ကုဒ်၏ နောက်ဆုံးစာလုံးသည် ISO/IEC 7064:2003 စံနှုန်းနှင့် ကိုက်ညီသော MOD 11-2 စစ်ဆေးရေးဂဏန်း (Check Digit) ဖြစ်သည်။ ၎င်းနောက်ဆုံးစာလုံးသည် ဂဏန်း "10" ကို ကိုယ်စားပြုသည့် "X" စာလုံးလည်း ဖြစ်နိုင်သည်။ (ဥပမာအားဖြင့် နာမည်ကျော် သိပ္ပံပညာရှင် စတီဖင် ဟော့ကင်း (Stephen Hawking) ၏ ORCID မှာ https://orcid.org/0000-0002-9079-593X ဖြစ်သည်)။[၃၃]
ORCID ၏ အဖွဲ့ဝင်များ၊ ပံ့ပိုးကူညီသူများနှင့် မှတ်ပုံတင်ထားသူများ
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ် ကုန်ဆုံးချိန်တွင် ORCID ၌ အဖွဲ့ဝင်အဖွဲ့အစည်း ၁၁၁ ခုနှင့် မှတ်ပုံတင်ထားသူ အသုံးပြုသူပေါင်း ၄၆၀,၀၀၀ ကျော် ရှိခဲ့သည်။[၃၄][၃၅][၃၆] ၎င်းနောက် ORCID အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသုံးပြုသူ ၁ သန်း ပြည့်မြောက်ကြောင်း ကြေညာခဲ့ပြီး၊[၁၇] ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အသုံးပြုသူ ၁၀ သန်းအထိ တိုးတက်ပြည့်မြောက်ခဲ့သည်။[၁၈] ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်များအရ ORCID တွင် အဖွဲ့ဝင်အဖွဲ့အစည်း ၁,၂၅၈ ခုနှင့် လက်ရှိအသုံးပြုနေသော အကောင့်ပေါင်း ၁၄,၇၂၇,၄၇၉ ခုအထိ ရှိလာပြီ ဖြစ်သည်။[၃၇] ဤအဖွဲ့ဝင်အဖွဲ့အစည်းများထဲတွင် ကာလ်တက်ခ် (Caltech) နှင့် ကော်နယ်လ်တက္ကသိုလ် (Cornell University) ကဲ့သို့သော သုတေသနအဖွဲ့အစည်း အများအပြား ပါဝင်သည့်အပြင် အယ်လ်ဆဗီယာ (Elsevier)၊ စပရင်ဂျာ (Springer)၊ ဝိုင်လေ (Wiley) နှင့် နေချာထုတ်ဝေရေးအုပ်စု (Nature Publishing Group) ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း စာတမ်းထုတ်ဝေရေး လုပ်ငန်းများလည်း ပါဝင်သည်။ ထို့ပြင် သော်မဆင် ရွိုက်တာ (Thomson Reuters) ကဲ့သို့သော စီးပွားရေးကုမ္ပဏီများ၊ ပညာရေးအသင်းအဖွဲ့များနှင့် သုတေသနရန်ပုံငွေ ပံ့ပိုးပေးသည့် အဖွဲ့အစည်းများလည်း ပါဝင်ကြသည်။[၃၈]
ဝဲလ်ကမ်း ထရပ်စ် (Wellcome Trust) ကဲ့သို့သော ပရဟိတဖောင်ဒေးရှင်း ရန်ပုံငွေအဖွဲ့အစည်းများသည်လည်း ရန်ပုံငွေ လျှောက်ထားသူများအနေဖြင့် ORCID အမှတ်အသားကုဒ်ကို မဖြစ်မနေ တင်ပြရန် သတ်မှတ်ထားသည်။[၃၉]
နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]နိုင်ငံအပြားတွင် အစိုးရအဖွဲ့အစည်းများ ပါဝင်သော မိတ်ဖက်အဖွဲ့အစည်းများ (Consortia) သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ORCID စနစ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြသည်။ ဥပမာအားဖြင့် အီတလီနိုင်ငံတွင် တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၊ ပညာရေးဝန်ကြီးဌာနတို့ကို ကိုယ်စားပြုသည့် အကျိုးအမြတ်မယူသော စီနက်ကာ (Cineca) အဖွဲ့အစည်းက စီမံကိန်းတစ်ခုကို ဆောင်ရွက်နေသည်။ ၎င်းစီမံကိန်းအောက်တွင် အီတလီတက္ကသိုလ် ပါမောက္ခချုပ်များအဖွဲ့ (CRUI) နှင့် အမျိုးသား တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ဆန်းစစ်ချက်ကော်မရှင် (ANVUR) တို့၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်ပေါင်း ၇၀ နှင့် သုတေသနစင်တာ ၄ ခုတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။[၄၀] ဩစတြေးလျနိုင်ငံတွင်လည်း အစိုးရ၏ အမျိုးသားကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (NHMRC) နှင့် ဩစတြေးလျ သုတေသနကောင်စီ (ARC) တို့က "ရန်ပုံငွေ လျှောက်ထားသော သုတေသီများအားလုံး ORCID အမှတ်အသားကုဒ် ရှိထားရန်" တိုက်တွန်းထားသည်။[၄၁] ပြင်သစ်နိုင်ငံ၏ သိပ္ပံစာတမ်းများ သိမ်းဆည်းရာနေရာဖြစ်သော HAL ကလည်း ၎င်း၏ အသုံးပြုသူများကို ORCID ID ထည့်သွင်းရန် ဖိတ်ခေါ်ထားသည်။[၄၂]
အခြားစနစ်များနှင့် ချိတ်ဆက်အသုံးပြုခြင်း
[ပြင်ဆင်ရန်]
ဝီကီပီးဒီးယား (Wikipedia) နှင့် ဝီကီဒေတာ (Wikidata) နှစ်မျိုးလုံးတွင် သုတေသီများ၏ စာမျက်နှာများ၌ ORCID အမှတ်အသားကုဒ်များကို ထည့်သွင်းဖော်ပြထားသည်။[၄၃][၄၄]
၂၀၁၄ ခုနှစ်မှစ၍ အဖွဲ့ဝင်များနှင့် ပံ့ပိုးကူညီသူများသာမက ဂျာနယ်များ၊ စာတမ်းထုတ်ဝေသူများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ၎င်းတို့၏ လုပ်ငန်းစဉ်များနှင့် ဒေတာဘေ့စ်များတွင် ORCID စနစ်ကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။[၄၅][၄၆][၄၇][၄၈][၄၉][၂၇] ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အွန်လိုင်းဝန်ဆောင်မှုအချို့သည် ORCID ထံသို့ ဒေတာများ ပေးပို့ရန် သို့မဟုတ် ORCID ထံမှ ဒေတာများ ရယူရန်အတွက် ကိရိယာ (Tools) များကို ဖန်တီးခဲ့ကြသည်။[၅၀][၅၁][၅၂][၅၃][၅၄][၅၅][၅၆]
၂၀၁၅ ခုနှစ် အောက်တို��ာလတွင် ဒေတာဆိုက် (DataCite)၊ ခရော့စ်ရက်ဖ် (Crossref) နှင့် ORCID အဖွဲ့အစည်းတို့ ပူးပေါင်းပြီး "အသစ်မှတ်ပုံတင်လိုက်သော DOI နံပါတ်များတွင် ORCID အမှတ်အသားကုဒ်ကို တွေ့ရှိပါက အဆိုပါအဖွဲ့အစည်းများက ORCID မှတ်တမ်းများကို တိုက်ရိုက် မွမ်းမံပြင်ဆင်ပေးသွားမည်" ဟု ကြေညာခဲ့သည်။[၅၇][၅၈]
ORCID ၏ အချို့သော အချက်အလက်များကို RDF/XML, RDF Turtle, XML သို့မဟုတ် JSON ပုံစံများဖြင့်လည်း ရယူနိုင်ပြီး၊ ORCID သည် ၎င်း၏ ဆော့ဖ်ဝဲလ်ကုဒ်များကို သိမ်းဆည်းရန် GitHub ကို အသုံးပြုထားသည်။[၅၉][၆၀][၆၁]
ORCID ကုဒ်တစ်ခု အခမဲ့ လျှောက်ထားရယူနည်း
[ပြင်ဆင်ရန်]အဆင့် (၁) - အကောင့်စတင်ဖွင့်လှစ်ခြင်း
- ဦးစွာ ORCID ဝက်ဘ်ဆိုက် သို့ ဝင်ရောက်ပါ။
- မူလစာမျက်နှာ၏ ညာဘက်အပေါ်ထောင့်ရှိ "Sign in/Register" ကို နှိပ်ပြီးနောက် "Register now" ဆိုသည်ကို ရွေးချယ်ပါ။
အဆင့် (၂) - ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ခြင်း (၃ ဆင့်)
စနစ်က သင့်ကို အောက်ပါအချက်အလက် (၃) ဆင့် ဖြည့်စွက်ခိုင်းပါလိမ့်မည် -
- အဆင့် ၁ (Personal Info): သင့်၏ နာမည်ရင်း (First Name)၊ မျိုးရိုးအမည် (Last Name) နှင့် သင့်ထံ တိုက်ရိုက်ဆက်သွယ်နိုင်မည့် အီးမေးလ်လိပ်စာ (Primary Email) ကို ရိုက်ထည့်ပါ။ (မှတ်ချက် - အီးမေးလ်နောက်တစ်ခု ထပ်ထည့်လိုပါက Optional Email တွင် ထည့်နိုင်သည်)။
- အဆင့် ၂ (Security & Password): အကောင့်အတွက် အနည်းဆုံး စာလုံး/ဂဏန်း ၈ လုံးပါဝင်သော လျှို့ဝှက်နံပါတ် (Password) တစ်ခုကို သတ်မှတ်ပါ။ ထို့နောက် သင့်အကောင့်ထဲသို့ အခြားသူများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် တောင်းဆိုမည့် လုံခြုံရေးမေးခွန်းကို ရွေးချယ်ဖြေဆိုပါ။
- အဆင့် ၃ (Visibility & Terms): သင့်၏ ORCID မှတ်တမ်းများကို မည်သူတွေ မြင်တွေ့ခွင့်ပေးမည်ကို ရွေးချယ်ရပါမည်။ ရွေးချယ်စရာ သုံးခု ရှိပါသည် -
- Everyone (Public): လူတိုင်း မြင်တွေ့နိုင်သည်။ (စာတမ်းတင်သွင်းရာတွင် အဆင်ပြေစေရန် ဤအချက်ကို ရွေးချယ်ရန် အကြံပြုပါသည်)
- Trusted Organizations: သင် ခွင့်ပြုထားသော သုတေသနအဖွဲ့အစည်းများနှင့် ဂျာနယ်များသာ မြင်နိုင်သည်။
- Only me (Private): မိမိတစ်ဦးတည်းသာ မြင်နိုင်သည်။ပြီးနောက် စည်းကမ်းချက်များကို သဘောတူကြောင်း "I agree..." အကွက်တွင် အမှန်ခြစ် (Check) ပေးပြီး "Register" ခလုတ်ကို နှိပ်ပါ။
အဆင့် (၃) - အီးမေးလ်အတည်ပြုခြင်း (Email Verification)
- သင် ဖြည့်စွက်ခဲ့သော အီးမေးလ်ပုံး (Inbox) ထဲသို့ ဝင်ရောက်ပြီး ORCID ထံမှ ပေးပို့လာသော အီးမေးလ်ကို ဖွင့်ပါ။
- အီးမေးလ်ထဲရှိ "Verify your email address" ဆိုသော လင့်ခ် သို့မဟုတ် ခလုတ်ကို နှိပ်၍ အတည်ပြုချက် ရယူပါ။
အဆင့် (၄) - မိမိ၏ ORCID ကုဒ်နံပါတ်ကို ရယူခြင်း
အီးမေးလ်အတည်ပြုပြီးသည်နှင့် သင့်အတွက် သီးသန့်ထုတ်ပေးထားသော စာလုံး ၁၆ လုံးပါ ORCID ID (ဥပမာ - https://orcid.org) ကို သင့်အကောင့်၏ ဘယ်ဘက်အပေါ်ထောင့်တွင် ရှင်းလင်းစွာ မြင်တွေ့ရမည် ဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ Sources:
- ↑ Crossref & ORCID.
- ↑ Farley၊ Isaac။ ORCID auto-update။
- 1 2 "Credit where credit is due" (2009). Nature 462 (7275). doi:. PMID 20016547. Bibcode: 2009Natur.462Q.825..
- ↑ Research Stakeholders Announce Collaboration Among Broad Cross-Section of Community to Resolve Name Ambiguity in Scholarly Research။ 2 February 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Welcome to the Open Researcher Contributor Identification Initiative (or ORCID) group on Nature Network။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2017 တွင် ပြန်စစ်ပြီး။
- ↑ What is the relationship between the ORCID Initiative and ORCID, Inc.? – Feedback & support for ORCID။ 19 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Press Release: ORCID funding and development efforts on target (15 August 2011)။ “ORCID also announced today that Thomson Reuters has provided ORCID with a perpetual license and royalty free use of ResearcherID code and intellectual property, giving ORCID the critical technology to create its system.” [လင့်ခ်သေ]
- ↑ Craig Van Dyck။ Wiley-Blackwell Publishing News: An Update on the Open Researcher and Contributor Identifier (ORCID)။ 9 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2012 တွင် ပြန်စစ်ပြီး။
- ↑ Certificate of Incorporation of ORCID Inc.။ State of Delaware (5 August 2015)။ 4 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2015 တွင် ပြန်စစ်ပြီး။
- ↑ ORCID Proudly Announces its New Executive Director (14 September 2020)။ 15 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Butler, Declan (30 May 2012). "Scientists: your number is up". Nature 485 (7400): 564. doi:. PMID 22660298. Bibcode: 2012Natur.485..564B.
- ↑ ORCID team (17 August 2012)။ 7 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
- ↑ ORCID Launches Registry (16 October 2012)။ 14 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2012 တွင် ပြန်စစ်ပြီး။
- ↑ ORCID vs ISNI; ORCID lanceert vandaag hun Author Register။ 2014-04-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2012 တွင် ပြန်စစ်ပြီး။
- ↑ Register for an ORCID iD။ 18 October 2012 တွင် ပြန်စစ်ပြီး။
- 1 2 Tweet။ ORCID (15 November 2014)။ 15 November 2014 တွင် ပြန်စစ်ပြီး။ “It's official! 1M of you have an ORCID iD! We thank the community, and look forward to continued collaboration.”
- 1 2 10M ORCID iDs!။ ORCID (20 November 2020)။ 16 January 2021 တွင် ပြန်စစ်ပြီး။
- ↑ ORCID။ ORCID Statistics။ 2 August 2022 တွင် ပြန်စစ်ပြီး။
- ↑ various (1 January 2016)။ Requiring ORCID in Publication Workflows: Open Letter။ 8 January 2016 တွင် ပြန်စစ်ပြီး။
- ↑ Why Some Publishers are Requiring ORCID iDs for Authors: An Interview with Stuart Taylor, The Royal Society။ The Scholarly Kitchen (7 January 2016)။ 8 January 2016 တွင် ပြန်စစ်ပြီး။
- ↑ ORCID iDs at Springer Nature။ Springer Nature။ 31 January 2021 တွင် ပြန်စစ်ပြီး။
- ↑ Trademark and iD Display Guidelines။ ORCID (19 February 2013)။ 21 August 2013 တွင် ပြန်စစ်ပြီး။
- ↑ Structure of the ORCID Identifier။ ORCID။
- ↑ Josiah Carberry။ Biography။ ORCID, Inc။ 22 December 2014 တွင် ပြန်စစ်ပြီး။ “Josiah Carberry is a fictitious person.”
- ↑ Meadows၊ Alice (15 November 2017)။ Announcing API 2.1 – ORCID iDs are now HTTPS!။ ORCID။ 16 November 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 Hiroshi Asakura။ Hindawi Publishing Corporation။ 1 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2014 တွင် ပြန်စစ်ပြီး။
- 1 2 ISNI and ORCID။ ISNI။ 4 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 March 2013 တွင် ပြန်စစ်ပြီး။
- 1 2 What is the relationship between ISNI and ORCID? (10 October 2012)။ 10 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2012 တွင် ပြန်စစ်ပြီး။
- ↑ Structure of the ORCID Identifier။ ORCID။ 22 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2014 တွင် ပြန်စစ်ပြီး။
- ↑ ISNI 0000000031979523။ ISNI။ 1 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ ORCID 0000-0001-5882-6823။ ORCID။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ ORCID။ Stephen Hawking (0000-0002-9079-593X) – ORCID | Connecting Research and Researchers။ 23 October 2017 တွင် ပြန်စစ်ပြီး။
- ↑ 2013 Year in review။ ORCID, Inc (6 January 2014)။ 1 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Members။ ORCID, Inc။ 20 July 2013 တွင် ပြန်စစ်ပြီး။
- ↑ O'Beirne၊ Richard။ OUP and ORCID။ Oxford Journals။ 30 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2014 တွင် ပြန်စစ်ပြီး။
- ↑ ORCID။ ORCID Statistics။ 2 August 2022 တွင် ပြန်စစ်ပြီး။
- ↑ ORCID Community။
- ↑ Wilsdon (July 2015)။ The Metric Tide။ 21 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Meadows၊ Alice (22 June 2015)။ Italy Launches National ORCID Implementation။ ORCID။ 29 June 2015 တွင် ပြန်စစ်ပြီး။
- ↑ NHMRC and ARC Statement on Open Researcher and Contributor ID (ORCID)။ National Health and Medical Research Council (10 April 2015)။ 13 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 June 2015 တွင် ပြန်စစ်ပြီး။
- ↑ Identifiant auteur IdHAL et CV (1 June 2018)။
- ↑ Wikipedia authors။ Category:Wikipedia articles with ORCID identifiers။ Wikipedia။ Wikimedia Foundation။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ ((Wikidata contributors))။ Pages that link to "Property:P496"။ Wikidata။ Wikimedia Foundation။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ Announcements။ Journal of Neuroscience (April 2014)။ 22 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ The Journal of Neuroscience Rolls Out ORCID Integration။ Society for Neuroscience။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ Author Zone 16 – ORCID။ Springer Publishing။ 21 April 2014 တွင် ပြန်စစ်ပြီး။
- ↑ ORCID Article Claiming။ Europe PubMed Central။ 16 May 2014 တွင် ပြန်စစ်ပြီး။
- ↑ ORCID integration။ Researcher Name Resolver။ National Institute of Informatics။ 21 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2014 တွင် ပြန်စစ်ပြီး။
- ↑ Scopus2Orcid – Use the Scopus to Orcid Author details and documents wizard to collect all your Scopus records in one unique author profile။ Scopus။ 24 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2014 တွင် ပြန်စစ်ပြီး။
- ↑ RID – ORCID Integration – IP & Science။ Thomson Reuters။ 12 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 March 2013 တွင် ပြန်စစ်ပြီး။
- ↑ Researchfish now integrating with the ORCID registry။ Researchfish (4 July 2015)။ 15 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2015 တွင် ပြန်စစ်ပြီး။
- ↑ British Library EThOS – about searching and ordering theses online။ British Library။ 21 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Connected from the Beginning: Adding ORCID to ETDs (12 October 2015)။ 15 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ORCID and Loop: A New Researcher Profile System Integration (7 October 2015)။ 7 September 2016 တွင် ပြန်စစ်ပြီး။
- ↑ Explaining the DataCite/ORCID Auto-update။ DataCite (29 October 2015)။
- ↑ Explaining the DataCite/ORCID Auto-update။ DataCite (29 October 2015)။
- ↑ Q&D RDF Browser။ 17 June 2014 တွင် ပြန်စစ်ပြီး။
- ↑ Archer၊ Phil။ Proposal for the Improvement of the Semantics of ORCIDs။ W3C။ 19 April 2015 တွင် ပြန်စစ်ပြီး။
- ↑ ORCID, Inc။ 19 April 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ORCID နှင့်ပတ်သက်သော မီဒီယာများ- တရားဝင် ဝက်ဘ်ဆိုက်တ်